.

Tuesday, July 16, 2013

I-Phone က လူသတ်လိုက်ပြီ

i 5 လေးပြောင်းကိုင်မလို့ပါဆို ကြောက်တောင်ကြောက်လာပြီ  ကျွန်တော့်အကျင့်နဲ့တော့ ဟင်း.....


တရုတ်နိုင်ငံ စီချွမ် စီရင်စုတွင် နေထိုင်သည့် အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် I-Phone ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီး၏ အမဖြစ်သူ မအီလန် က အတည်ပြုပြောကြားခဲ့ရာတွင် ၄င်း၏ညီမဖြစ်သူသည် I-Phone ကို အားသွင်းနေစဉ်တွင်
ဖုန်းပြောခဲ့ပြီး ရုတ်တရက် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။

ဖခင်ဖြစ်သူကလည်း သေဆုံးသွားသောသမီးဖြစ်သူတွင် ဓာတ်လိုက်သေဆုံးသည့် လက္ခဏာပြခဲ့ကြောင်း ပြောခဲ့သည်။
Apple ကုမ္ပဏီက အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်၍ အထူးဝမ်းနည်းကြေကွဲပါကြောင်းနှင့် အဆိုပါ အဖြစ်အပျက်မျိုး ထပ်မဖြစ်စေရန်အဖြေရှာသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။



http://cdn.makeagif.com/media/8-11-2013/OVivFM.gifPosted By ကလောသား

ကျေးဇူးတင်ပါတယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...