.

Thursday, July 18, 2013

Samsung Galaxy Mini root လုပ်နည်း

ညီလေး တစ်ယောက်က တင်ပေးပါဆိုလို့ပါ
Samsung Galaxy Mini ကို Rootဖောက်ဖို့ဆိုရင် ဒါလေးတွေ အရင်ရှိရပါမယ်။ ကဲလိုအပ်တာလေးတွေ အရင်ဒေါင်းထားလိုက်ပါနော်
ပထမဆုံးလိုအပ်တာက Odin ပါ။နောက်တစ်ခုကတော့ သူ့ရဲ့  Root File ဖိုင်လေးကိုပါဒေါင်းထားလိုက်ပါဦး။ပထမဆုံး odin ကို  download ဆွဲပြီးပြီဆိုရင်  မိမိ ကွန်ပျူတာမှာ Run ထားပေးပါ။Odin ကိုသုံးနည်း အရင်ပြောပြမယ်နော်။Odin ကဘာလဲဆိုတာ လူတိုင်းလိုလိုသိပေမယ့်  မသိသေးတဲ့လူတွေအတွက် ပြောပြပေးတာပါ။ဆရာလုပ်တာဟုတ်ဘူးနော်။Odin ဆိုတာက Samsung Company ကနေတရားဝင် ထုတ်ပေးထားတဲ့ Root File. CWM File. Firmware , Wipe File တွေအတွက်ကို ဖုန်းမှာပြုလုပ်ဖို့အတွက် Computerနဲ့Phone ကိုချိတ်ဆက်ပေးတဲ့ ဆော့လ်ဝဲတစ်မျိုးပါ။ သူက Samsung ဖုန်းတစ်မျိုးထဲမှာသာသုံးရတာပါ။Root လုပ်လုပ်၊ Firmware တင်တင်ပေါ့နော်။ Samsung ရဲ့ root ဖိုင်လေးကို download လုပ်ပြီးပြီဆိုရင် zip ဖိုင်လေးကို ဖြည်ထားလိုက်ပါ။

Root လုပ်ရန်အတွက် ဖုန်းကို ပထမဆုံး download mode သို့ဝင်ထားရပါမယ်။ Download mode ၀င်နည်းကတော့ ပထမဆုံးဖုန်းကို ပါဝါပိတ်ပါ။ နောက်ပြီး   ဖုန်းရဲ့ Volume Down & Home & Power ခလုတ်သုံးခုကို ပြိုင်တူဖိထားပေးပါ။အောက်ကပုံမှာကြည့်ပါ။
 ဒီလိုပုံစံလေးဖြစ်သွားရင်တော့ ဖုန်းကို ခဏထားပါ။ ကွန်ပျူတာမှာ run ထားတဲ့ odin ကိုသွားပါ။
Root File အား zip ဖြည်ထားတာကို odin ရဲ့ PDAအကွက်လေးမှာ ရွေးပေးလိုက်ပါ။ ပုံလေးနဲ့ပြထားပါတယ်
 

ပြီးရင်တော့ download mode ၀င်ထားတဲ့ဖုန်းကို ကွန်ပျူတာနဲ့ USB cable နဲ့ချိတ်လိုက်ပါ။ Odin မှာလည်းဖုန်းကို သိပြီဆိုရင်တော့ odin မှာပါတဲ့ Start ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။ Odin က အလုပ်လုပ်သွားပါလိမ့်မယ်။
 
 PASS ဆိုတဲ့ အစိမ်းရောင်အကွက်လေးပေါ်လာရင်တော့ root လုပ်တာအောင်မြင်ပါပြီ။အဆင်ပြေပါစေ။
Samsung Driver ကို လိုချင်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ။



http://cdn.makeagif.com/media/8-11-2013/OVivFM.gifPosted By ကလောသား

ကျေးဇူးတင်ပါတယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...