Showing posts with label ကွန်ပျူတာဆော့ဝဲလ်. Show all posts
Showing posts with label ကွန်ပျူတာဆော့ဝဲလ်. Show all posts
Tuesday, August 13, 2013
ArThawKa-Computer Dictionary
ကွန်ပျူတာ သမားတွေ အတွက်အသုံးဝင်မယ့် dictionary လေးပါ။ ကွန်ပျူတာနဲ့ပတ်သတ်တဲ့ စကားလုံးရဲ့ အဓိပ္ဖါယ်ကို English ကနေ မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုပေးမှာပါ။ ကျွန်တော်တို့လို ငပိန်းတွေ အတွက်တော့ အဆင်ပြေတာပေါ့ဗျာ ကိုပြည့်ဖြိုးဆိုဒ်ကနေ တွေ့လို့သဘောကျလို့ ပြန်တင်ပေးလိုက်ပါတယ်
Download Link - mediafire
Notepad++ latest + Codelobster
blogger သူငယ်ချင်းတွေအတွက် Notpad++ latest version လေးနဲ့ codelobster ဆော့်လ်ဝဲလေးတွေ တင်ပေးလိုက်ပါတယ် ကျွန်တော်ကတော့ CodeLobester လေးကို ပိုကြိုက်ပါတယ် လိုချင်သူများ အောက်မှာ ဒေါင်းနိုင်ပါတယ်
Download link
For - Notepad++
For - CodeLobster rar
Monday, August 12, 2013
Wednesday, August 7, 2013
Windows 7 Ultimate ISO Image for 32 bit x 64 bit
Windows 7 ISO ဖိုင်လေးကို တင်ပေးလိုက်ပါတယ် Windows 7 Ultimate အတွက် 32 bit နဲ့ 64 bit နှစ်ခုပါ လိုချင်သူများ အောက်က ဒေါင့်လော့လင့်လေးတွေကို click ပြီးဒေါင်းနိုင်ပါတယ်
For Windows 7 Ultimate 32 bit 2.38 GB
For Windows 7 Ultimate 64 bit 3.09 GB
Friday, August 2, 2013
ကွန်ပျူတာသုံး Myanmar-English Dictionary
မိမိရဲ့ကွန်ပျူတာလေးမှာ မြန်မာ-အင်္ဂလိပ် dictionary လေး သုံးချင်ရင် ဒေါင်းထားလိုက်နော် ဒေါင်းလို့ရလာတဲ့ ဖိုင်လေးကို ဖြည်ပြီး ထွက်လာတဲ့ folder ထဲက windows installer package လေးကို နှိပ်ပြီး install လုပ်လိုက်ရုံပါပဲ။
download - solid file
ကွန်ပျူတာ Hardisk အကြောင်းသိကောင်းစရာ
Hard disk ဆိုတာHard
disk ဆိုတာ ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်လိုအပ်ပြီး
ကွန်ပျူတာအားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating
system အလုပ်လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်ပါတယ်..
သူအလုပ်လုပ် တဲ့ပုံစံက ဒီ hard disk အထဲမှာ platter တွေရှိတယ် ဒီ Platter
တွေဟာ spindle motor လည်တဲ့အား ကြောင့် air cushion ဖြစ်ပေါ်လာတယ်
အဲဒီအချိန်မှာပဲ read/write head တွေက platter ပေါ်မှာရေးမှတ် ထားတဲ့ဒေတာ
တွေကို ရေးခြင်းဖတ်ခြင်းမှတ်ခြင်းစတာတွေကိုလုပ်ဆောင်တယ်..
တစ်ခုချင်းစ်ီလုပ်ဆောင်ပုံကို အောက်မှာ ရှင်း ပြပါမယ်..
အတွင်းပိုင်းလုပ်ဆောင်ပုံ
hard disk တစ်လုံးမှာ magnetic disk လို့ ခေါ်တဲ့ platter လေးတွေဟာ လေးချပ် ဒါမှမဟုတ် ငါးချပ်ပါရှိ တတ်ကြပါတယ်..platter ပြားအရေတွက်များရင် data တော်တော်များများ ၀င်ဆံ့ ပေမဲ့ reliability အတွက်ကျတော့ အားနည်းသွားပါတယ် အဲဒီ platter ပြားမှာ program တွေ data တွေသိမ်းဆည်းဖို့  ဖြစ်ပါတယ်..
Geometry
Actuator
Actuator ဆိုတာ voice coil motor ဖြစ်တဲ့ coilထဲ လျပ်စစ်စီးဝင်ပြီး polarity changing လုပ်ပေးမှုကြောင့် actuator arm ကိုထိန်းချုပ်ပေးရတဲ့အရာတစ်ခုဖြစ်ပါတယ်..အရင်တုန်းက servo motor တွေဆို တစ်ထစ်ချင်းရွေ့ လျားတာဖြစ်တဲ့အတွက်ဖတ်တဲ့အခါမှာ နှေးကွေးပါတယ်..ပြီးတော့ အဲလိုရေး ဖတ်နေ တုန်းမှာ ပါဝါမရတော့ ရင် သူကအဲမှာတင်ရပ်သွားတယ် ပါဝါလာလို့ အလုပ်လုပ်ရင် ဓါးနဲ့ ခြစ်သလို လုပ်ပစ်လိုက်တာဖြစ်တဲ့ အတွက် hard disk ကိုပျက်စီးစေပါတယ်..ဒါကြောင့် အဲလို Positional error system မဖြစ်စေဖို့ အတွက် voice coile motor လို့ ခေါ်တဲ့  liner motor နဲ့ အစားထိုးပြုလုပ်ခဲ့တာယနေ့  တိုင်ပါပဲ..liner motor ကတော့ pogwer off သော်ငြားလည်း automatically parking စနစ်ပါရှိပါတယ်..
Actuator Arm
Actuator Arm ဆိုတာ platter တွေပေါ်မှာအလျားလိုက်ရွေ့ လျားပြီးတော့ ဒေတာတွေကိုရေးဖတ်ပြုလုပ်ဖို့  ဆောင်ရွက်ပေး တယ် အဲလိုရေးဖတ်တဲ့အခါမှာလဲ အတိအကျဖြစ်အောင် Actuator arm ကို actuator ကပြုလုပ်ပေးပါ တယ်..Actuator Axis ဆိုတာ Actuar arm ရဲ့ အစွန်တစ်ခုမှာရှိပြီးတော့ အလယ်မှာရှိတယ်..အဲဒီ Axis လည်တဲ့အတွက်ကြောင့် Actuator arm လိုက်လည်ပေးတာဖြစ်တယ်
Cover mounting holes
cover mounting holes ဆိုတာ hard disk ကိုဖုံးအုပ်ဖို့ အတွက် screws များတပ်ဆင်ဖို့  အတွက် နေရာတွေ ဖြစ်ပါတယ်
Head
head ဆိုတာ တကယ်တော့ read /write head ကိုပြောတာဖြစ်တယ် ဒီ head ကdata ကိုရေးနိုင်ဖတ်နိုင်တယ်..platter ပြားတစ်ခု တစ်ခုမှာ အပေါ်အောက် head နှစ်ခုပါတယ် platter နှစ်ခုဆိုရင် read/write head လေးခုပါမယ်ပေါ့…
Interface connector
Interface connector ဆိုတာ data cable အကြောင်းတွေဖြစ်ပါတယ်..interface မှာ IDE interface နှင့် SATA interface နှစ်မျိုးရှိပါတယ် IDE interface က 40pin/80wire ဖြစ်ပြီး SATA ကတော့ 7 pin ပဲပါရှိပါတယ် SATA က point to point system ဖြစ်ပါတယ်..အောက်ကပုံမှာ အနီရောင်က SATA interface ဖြစ်ပြီး နောက် interface တစ်ခုမှာ IDE interface ဖြစ်ပါတယ်..
Jumpersjumpers
ဆိုတာ IDE drive တွေမှာသာပါဝင်ပြီး တော့ SATA မှာတော့မပါပါဘူး ဒါကြောင့်IDE
တွေမှာဆိုရင်…connectorတပ်ဆင်တဲ့အခါ master slave
ဆိုတာခွဲထားပေးရပါတယ်..IDE တစ်ကြိုးထဲမှာ HD ကော CD ROM ကောထားမယ်ဆိုရင်
hard disk ကို master ထားပေးရပြီး CD ROM ကို slave မှာထားပေးရတယ်.. SATA
ဆိုရင်တော့ ဒီအတိုင်းတန်းစိုက် လိုက်ရုံပါပဲ.. IDE cable တွေဟာ pin 40
ပါရှိပါတယ် အခုနောက်ပိုင်းမှာတော့ pin က40 pin 80 wire ဖြစ်သွားပြီး
crosstalk ဖြစ်ချင်းမှကာကွယ်ပြီးသားဖြစ်ပြီးပိုပြီးတော့လဲမြန်သွားပါတယ်..
ATA လို့ ခေါ်တဲ့  cable version မှာအရင်တုန်းက 66/100/133MHz
ဆိုပြီးအသုံးပြုခဲ့ပေမဲ့ အခုချိန်မှာတော့ ultra DMA လို့ ခေါ်တဲ့  bus
mastering နည်းပညာကိုအသုံးပြုထားတဲ့အတွက်ပိုမြန်ပါတယ်..IDE power cabel
ကြိုးတွေဟာဆိုရင် ကွန်ပျူတာဖွင့်နေစဉ်ဖြုတ်တပ်လုပ်လို့ မရဘူး sata
မှာကျတော့ရ တယ် အဲဒါကို hot swap လို့ ခေါ်တယ် power shutdown
လုပ်စရာမလိုပဲနဲ့ ဖြုတ်တပ်လုပ်လို့ ရတာကို hot swap ရတယ်လို့ ခေါ်တယ်..IDE
cable တွေမှာဆိုရင်ကြိုးအရှည်ဟာ 18 လက်မထက်ပိုမရှည် သင့်ဘူး
အဲထက်ကျော်သွားရင် data transfer လုပ်ရာမှာအနှောင့်အယှက်ဖြစ်စေတယ် SATA
မှာကျတော့ အရှည် 1မီတာအသုံးပြုနိုင်တဲ့အတွက်ကြောင့် IDE cable
ထက်နှစ်ဆပိုရှည်ပါတယ်..
Platter
platter ဆိုတာ glass တွေနဲ့ ပြုလုပ်ထားပြီးတော့မှ magnetic ရည်သုတ်လိမ်းထားပါတယ် ဒီ platter တွေက လေးချပ် သို့ ငါးချပ် အများဆုံးပြုလုပ်လေ့ရှိတယ် platter အရေတွက်နည်းလေ reliability ပိုကောင်းလေဖြစ်တယ်..ဒီ platter ပေါ်မှာပဲ datas တွေကို ရေးချင်းဖတ်ခြင်းသိမ်းဆည်းခြင်း စတာတွေပြုလုပ်တယ်..
Power connector
hard disk အတွက် power ကို 12v 5v ဖြင့်အသုံးပြုကြတယ် notebook computerတွေအတွက်ဆိုရင် 5v ကိုအသုံးပြုထား တယ်…hard disk အတွက်ပေးတဲ့ power connector ခေါင်းလေးတွေကို molex connector လို့ ခေါ် ပါတယ်..
Ribbon cable
နောက် Ribbon cable ဆိုတာ logic board နဲ့ ဆက်သွယ်ပေးပါတယ် hard disk ကဖတ်လိုက် တာမှန်သမျှ analog signal ကို logic ဘုတ်ပေါ်သယ်ဆောင်သွားပြီး digital signal အဖြစ်ပြောင်း ပေးခြင်း တွေကိုလုပ်ဆောင်ပေးတယ်..
Spindle motor
spindle motor ဆိုတာကတော့ platter တွေလည်ပတ်စေဖို့  အတွက် အလည်ကနေ spin လုပ်ပေးရပါတယ်..အဲဒီ spindle motor က အပတ်ရေ3500 ကနေ 15000 RPM ရှိပါတယ် RPMဆိုတာ revolution per minute လို့ ခေါ်ပါတယ် တစ်မိနစ်မှာspindel motor လည်ပတ်တဲ့အပတ်ရေအတွက် ဖြစ်ပါတယ် …အခု ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အသုံးအများဆုံးက 5400RPM နဲ့ 7200RPM ဖြစ်ပါတယ်.. …ကျွန်တ်ေတို့ hard disk တစ်လုံးဝယ်တဲ့အခါဒီ RPM ကိုထည့်တွက်ရပါတယ် RPM ပိုများလေ ပိုမြန်လေဖြစ်တယ် သို့ ပေမဲ့တစ်ချက်သတိထားရမည်က RPM များရင် ဒေတာကို မြန်မြန်ဆန်ဆန်ဖတ်နိုင်တာမှန်ပေမဲ့  သူ့ ကို ပေးရတဲ့power များလို့  heat တွေလည်းပိုထွက်လာပါတယ်
SCSI drive
SCSI drive ဆိုတာ သာမှန်အသုံးပြုနေတဲ့  ကွန်ပျူတာတွေမှာသုံးလေ့သုံးထမရှိပဲ work station နဲ့ server တွေမှာအသုံးပြုလေ့ ရှိတယ်..SCSI ဆိုတာ small computer system interface ဖြစ်တယ်..SCSI မှာ နှစ်မျိုးရှိပါတယ် internal SCSI နှင့် external SCSI ဆိုပြီးရှိပါတယ် ဒီနေရာမှာ SCSI ရဲ့ အမျိုးအစားနဲ့  data transfer rate တွေ့ ကိုလေ့လာကြည့်ရအောင် SCSI1 ဟာ 25 pin ကိုအသုံးပြုပြီးတော့ transfer rate 8 bit ကိုပဲသယ်ဆောင်နိုင်တယ်..SCSI 2 က SCSI 1 နဲ့ အတူတူပဲ ဒါပေမဲ့ pin အရေအတွက် 25 pin အစား pin 50 အစားထိုးပြုလုပ်ထားတယ်..
SCSI 1 မှာဘာမှပြောစရာမရှိပေမဲ့  SCSI 2 ကျတော့ SCSI VERSION နဲ
့ပတ်သက်ပြီးပြောစရာရှိလာ တယ်.. SCSI 2ပြီးတဲ့ အခါကျတော့ Wide SCSI က 68 pin
ရှိပြီး 16bit ကို transfer လုပ်နိုင်ပါတယ်..fast SCSI က 8 bit bus
ကိုအသုံးပြုပြိးတော့ double clock rate ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်
10MBps ထိ Transfer လုပ်နိုင်တယ်..fast wide SCSI ဆိုရင် 16bit ဖြင့် 20
MBps ထိကို transfer လုပ်နိုင်တယ်… ultra SCSI က 8 bit bus နဲ့ 20 MBps
transfer လုပ်နိုင်ပါတယ်..SCSI 3 က 16 bit နဲ့ 40 MBps transfer
လုပ်နိုင်တယ်.. သူကျတော့ Ultra wide SCSI လို့ လဲခေါ်တယ်..အဲတော့ ဒီSCSI 3
အောက်မှာပဲ Ultra 2 SCSI နဲ့ wide ultra 2 SCSI ဆိုပြီးတော့ရှိသေးတယ် Ultra
2 SCSI ကတော့ 8bit 40 MBps နဲ့ wide ultra 2 SCSI ကတော့16bit 80 MBps
transfer လုပ်နိုင်တယ်….အခုဒီနေ့ မှာတော့ အားလုံးဟာ ultra DMA mode
ကိုအသုံးပြုကြပါတယ် SCSI peripherals တွေဟာ SCSI port တွေကိုဖြတ်ပြီးတော့မှ
daisy chain ပုံစံဆက်သွယ်ထားပါတယ် cable ဟာ host adapter
ဆီကိုသွားရတယ်..အဲကမှ device 1 device 2 စသဖြင့်သွားရပါတယ်..SCSI မှာ ID
လေးတွေသတ်မှတ်ထားတာရှိပါတယ် ID 0 ကနေ 7 ထိရှိနိုင်သလို ID0 မှ 16
အတွင်းလည်း ရှိပါတယ် device တွေအားလုံးတပ်ဆင်ပြီးသွားတဲ့အခါ နောက်ဆုံး
device မှာ terminate ဆိုတာ တပ်ပေးရ တယ် ဘာကြောင့်တပ်ပေးရလဲဆိုတော့ echo
signal တွေပြန်မလာအောင်လို့ တပ်ဆင်ပေးရခြင်း ဖြစ်ပါတယ်
Bus mastering
ကျွန်တော်တို့ နောက် bus mastering ကိုလေ့လာကြည့်ရအောင်ပြောတော့ပြောခဲ့ပြီးသားပါ bus mastering ဆိုတာ ယနေ့ ခေတ်မှာအသုံးပြုနေတဲ့ controller bus တွေမှာအသုံးပြုနေတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်.. hard disk ထဲကအချက်အလက်ကိုရယူဖို့ အတွက် cpu ဆီက instruction တွေတောင်းခံရ address bus ဘယ် လောက်က ဘာကိုပေးလိုက်နဲ့ အဲဒီinstruction ကိုတောင်းရတယ် စောင့်ရတယ် ဒါအချိန်ကိုပိုကြာ စေပါတယ် ဒီအားနည်းချက်ကိုအစားထိုးပြုပြင်ဖို့ အတွက် bus mastering ကိုပြုလုပ်တီထွင်ခဲ့ကြတယ်.. သူကဘာလဲဆို တော့ စောနက cpu ဆီကို request လုပ်တာတွေ လမ်းကြောင်း တောင်းတာ တွေမလုပ်တော့ပဲနဲ့  bus mastering controller ကနေတိုက်ရိုက်လုပ်ဆောင်သွားပါတယ်.. ဒါကြောင့် ကွန်ပျူတစ်လုံးရဲ့  performance ကိုတိုးလာစေပါတယ်..
Low level format
Low level format ဆိုတာ ကျွန်တော်တို့  hard disk မှာ ပါတဲ့ platter တွေပေါ်မှာ geometry တွေသတ်မှတ်တာ တစ်နည်းအားဖြင့် cylinder track sector တွေကိုသတ်မှတ်ပေးတာ ဒီလိုသတ်မှတ်ပေး ပြီးရုံနဲ့ ကျွန်တော်တို့ ဒေတာတွေကိုရေးလို့ မှတ်လို့ မရသေးဘူး..platter ပြားပေါ်မှာ cylinder track sector တွေကိုဘယ်လောက်ထားမယ် ဆိုတာသတ်မှတ်ပေးခြင်းကို low level format လို့ ခေါ်ပါတယ် အရင်တုန်းက FAT 16 ခေတ်တွေသုံးတဲ့အချိန် windows 95 တွေစပေါ်တဲ့ခေတ်တုန်းကဆိုရင် Low level format ကို မိမိဘာသာသတ်မှတ်ပေးရတယ်..အခုဒီနေ့ မှာတော့ စက်ရုံကနေ Low level format တွေကိုချပေးပြီး သားဖြစ်တယ်..ဒါကြောင့် hard disk တစ်လုံးလက်ထဲေ၇ာက်လာတဲ့အချိန်မှာ high level format ချပြီးအသင့် သုံးလိုက်ရုံပါပဲ..
High level formathigh
level format ဆိုတာ သိမ်းဆည်းမည့် file system တွေကိုသတ်မှတ်ပေးလိုက်
တာဖြစ် ပြီး master boot record ဖန်တီးခြင်း file allocation table
ဖန်တီးခြင်းတို့ ကိုလုပ်ဆောင်ပါတယ်..ဒီလို high level format
ချပြီးမှသာလျင် ဖိုင်တွေကိုသိမ်းဆည်းနိုင်တာဖြစ်တယ်..ဒါဆိုရင် low level
format high level format ဆိုတာ သိသွားလောက်ပြီ..ကျွန်တော်တို့  high level
format ချတော့ ဖိုင် system တွေကို သတ်မှတ်ပေးရတယ်တဲ့ ဒါဆိုရင် အဲဒီ file
system ဖြစ်တဲ့ FAT 16 FAT 32 NTFS ဆိုတာ ဘာကို ပြောတာ လဲကြည့်ရအေင် …..
FAT file system
FAT ဆိုတာ file allocation table ကိုပြောတာပါ သူက စာအုပ်တစ်အုပ်မှာရှိတဲ့ မာတိကာနဲ့ တူတယ် စာအုပ်တစ် အုပ်မှာ ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့ ဘယ်စာမျက်နှာမှာဆိုတာတန်းပြီးလှန်လို့ ရတာပေါ့ တစ်ရွက်ချင်းစီလှန် စရာမ လိုတော့ဘူး သူလဲဒီအတိုင်းပါပဲ ဒီ file allocation table ထဲမှာ file တွေရဲ့  address တွေကိုကြည့်ချင်း အားဖြင့်မိမိလိုချင်တဲ့  file ကိုတိုက်ရိုက်ရှာဖွေနိုင်တာဖြစ်တယ်…ဖိုင်တွေကိုသိမ်းဆည်းဖို့  အတွက် ဖိုင် table လေးတွေတည်ဆောက်ရတယ် ဒါမှလည်းလွယ်လွယ်ကူကူရှာနိုင်မှာဖြစ်တယ်..FAT 16 ရဲ့ ဖွဲ့ စည်းပုံကိုပြောပြ ပါမယ် hard disk တစ်လုံးရဲ့ FAT file system မှာ ဆိုရင် cluster လေးတွေဖွဲ့ စည်းထားတယ် ဥပမာ cluster size တစ်ခုကို 32KB သတ်မှတ် မယ် ထားတယ်ဆိုပါစို့  ကျွန်တော်တို့ က 20KB လောက်ရှိတဲ့  ဖိုင်တစ်ခုကိုသိမ်းမယ် ဒါဆိုရင် cluster တစ်ခုမှာ 12 KB စီနေရာလွတ်ကျန်နေခဲ့မယ်ပေါ့.. နောက်ထပ်ကျွန်တော်တို့ ဖိုင်သိမ်းတဲ့အခါမှာ စောနက လွတ်နေတဲ့ 12 KB မှာဆက်မသိမ်းတော့ပဲ ကျော်သွားပြီးတော့နောက် cluster အစတစ်ခုမှာ သွားသိမ်းပါတယ် အဲတော့ စောနကလို hard disk တစ်ခုလုံးမှာ အဲဒီလိုသာသိမ်းလိုက်ရင် free spaceတွေအများကြီး ဆုံးရှုံးပါ တယ်..ဒီအားနည်းချက် ကိုကြည့်ပြီးတော့ အခုနောက်ဆုံး NTFS လို့ ခေါ်တဲ့ new technology file system ကတော့ cluster size အသေးဆုံးဖြစ်ပြီးတော့ FAT 16 နဲ့ 32 နေရာကိုအစားထိုးပြီး file system အမြင့်ဆုံးအဖြစ်ကိုေ၇ာက်ရှိခဲ့  တာဖြစ်ပါတယ်…
NTFS file system
NTFS က cluster size ကို ချုံ့ လိုက်ပြီး cluster တစ်ခုမှာ 4KB ပဲထားရှိပါတယ် cluster size သေးသွားတဲ့အတွက် free space တွေတိုးလာပါတယ် cluster size သေးလာတာနဲ့ အမျှ free space ပိုများများရလာပါတယ်.. reliability နဲ့  security ပိုင်း မှာပါ ပိုပြီးတော့ကောင်းမွန်လာတာကိုတွေ့ ရပါတယ် NTFS system တွေမှာ ဆိုရင် နဂိုဝင်းဒိုးတင် ထား တဲ့အထဲကမှအရေးကြီးတဲ့ဖိုင်တွေကိုမှားဖျက်မိလို့ recovery ပြန်လုပ်ချင်တယ်ဆိုရင် ပြန်လုပ်လို့  ရအောင်စီစဉ် ထားတဲ့ စနစ်ကိုပါထည့်သွင်းတည်ဆောက်ထားတဲ့အတွက် အဆင်ပြေပါတယ်…
Partition အကြောင်း
Partition အကြောင်းဆွေးနွေး ကြည့်ရအောင် Hard disk တစ်လုံးမှာ
partition ခွဲတဲ့အခါမှာ primary နဲ့  extended ဆိုပြီးတော့ရှိတယ် တစ်ချို
့ကျတော့လဲ extended ကို secondary partition လို့ ခေါ်တယ်..hard disk
တစ်လုံးမှာ primary partition ချည်းပဲထားမယ်ဆိုရင် အများဆုံး
လေးပိုင်းအထိထားနိုင်ပါတယ်.. များသောအားဖြင့်တော့ C ကို primary ထားပြီး
ကျန်တဲ့ partition ကိုတော့ extended ထားကြတာ များပါတယ်..ဘာကြောင့်လဲဆိုတော့
extended partition မှာ logical drive တွေအများကြီးထပ်ခွဲနိုင်တာကိုး
logical drive ပေါင်း24 ခုထိသတ်မှတ်ပေး ထားလို့ ရပါတယ် A B မပါပေါ့  လေ..(A
B ဆိုတာက floppy drive အတွက်သတ်မှတ်ထားတဲ့ letter တွေဖြစ်ပါတယ်) windows
တင်တဲ့  အခါမှာ primary ရဲ့ active ဖြစ်တဲ့  partition မှာသူက boot
လုပ်သွားတာဖြစ်တယ်..ဘာကြောင့် primary partition ကို လေးခုပဲထားနိုင်သလဲ
လို့ မေးစရာရှိလာနိုင် တယ်..ဟုတ်တယ် hard disk တစ်ခုမှာ OS တင်ဖို့ အတွက်
boot information အတွက် boot partition table ထဲမှာ 64 KB ပဲပါရှိတယ် boot
partition table တစ်ခုမှာ 16 KB ၇ှိပါတယ် OS လေးခုစာအတွက်ဆိုရင် 16 *4 လီ
64 ဒါကြောင့် OS လေးခု ပဲ အများ ဆုံးတင်နိုင်တာဖြစ်တယ်..ဒါကြောင့် primary
partition ကို လေးပိုင်းအထိသာပိုင်းနိုင်တာဖြစ်တယ်…ok ဒါဆို ဒီလို hard
disk တစ်လုံးတပ်ဆင်ပြီး ၀င်းဒိုးတင်ပြီးတာနဲ့ သုံးလို့ ရပြီလားဆိုတာ့
ရတော့၇တာပေါ့ ဒါပေမဲ့ သူ့ ကို bios setting မှာ first boot device
မကြေငြာထား ပေးရင် အလုပ်မလုပ်ပါဘူး ဒါကြောင့် BIOS
ထဲမှာသွားရောက်ပြီးပြင်ဆင်ပေးရတယ် ဘယ်မှာလဲဆိုတော့ Advance feature ထဲက
first boot device မှာ Hard disk ကိုကြေငြာထားပေးပြီးမှအ
သုံးပြုနိုင်မှာဖြစ်ပါ တယ် ….တစ်ခါတစ်ရံ first boot မှာ floppy
ဖြစ်နေတာမျိုး disable ပေးထားမိတာမျိုးဖြစ်ရင် OS
မတက်နိုင်တာမျိုးကြုံရတတ်ပါတယ်…
ဆွေးနွေးချက်အနှစ်ချုပ်
[color="blue"]၁။ Hard disk ဆိုတာ ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်လိုအပ်ပြီး ကွန်ပျူတာအားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating system အလုပ်လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်တယ်..
၂။ hard disk တစ်လုံးမှာ magnetic disk လို့ ခေါ်တဲ့ platter လေးတွေဟာ လေးချပ် ဒါမှမဟုတ် ငါးချပ်ပါရှိ တတ်ကြပါတယ်..platter ပြားအရေတွက်များရင် data တော်တော်များများ ၀င်ဆံ့ ပေမဲ့ reliability အတွက်ကျတော့ အားနည်းသွားပါတယ်
၃။ hard disk က magnetic နည်းပညာ ကိုသုံးပြီးသိမ်းတာ ဖြစ်လို့  disk လို့ ခေါ်တာဖြစ်ပြီး cd disc တွေကျတော့ laser ကိုအသုံးပြုပြီး ultra violet light နဲ့ သိမ်းတာဖြစ် တဲ့အတွင် disc လို့ သတ်မှတ် ခဲ့ကြတယ်.
၎။ Low level format ဆိုတာ ကျွန်တော်တို့  hard disk မှာ ပါတဲ့ platter တွေပေါ်မှာ geometry တွေသတ်မှတ်တာ တစ်နည်းအားဖြင့် cylinder track sector တွေကိုသတ်မှတ်ပေးတာ
၅။ high level format ဆိုတာ သိမ်းဆည်းမည့် file system တွေကိုသတ်မှတ်ပေးလိုက် တာဖြစ် ပြီး master boot record ဖန်တီးခြင်း file allocation table ဖန်တီးခြင်းတို့ ကိုလုပ်ဆောင်ပါတယ်..
၆။hard disk တစ်လုံးမှာ primary partition ချည်းပဲထားမယ်ဆိုရင် အများဆုံး လေးပိုင်းအထိပဲ ထားနိုင်ပါတယ်..
credit to မြန်မာမိသားစုဖိုရမ်
Thursday, August 1, 2013
Xterm Medical Dictionary
ဒီဆော့ဝဲလ်လေးကတော့ ဆေးကျောင်းက ဘော်ဘော်လေးတစ်ယောက်အတွက်ပါ ကျန်တဲ့လူတွေလည်း လေ့လာချင်တယ်ဆိုရင် ယူထားလိုက်ပေါ့နော် size က 6.9 MB ပါ
Thursday, July 25, 2013
Windows ကို Stick ကနေတင်မယ်
Windows ကို memory stick ကနေတင်ဖို့ မိမိရဲ့ stick လေးကို bootable လေးဖြစ်အောင် ပြင်ဆင်ထားရ ပါမယ် အဲလိုပြင်ဆင်ဖို့အတွက် ဒီ tool လေးကို ဒေါင်းထားလိုက်ပါ Windows 7 USB Tool
ဒေါင်းပြီးရင်tool လေးကို ကွန်ပျူတာမှာ install လုပ်ထားလိုက်ပါ။ ပြီးရင်တော့ Windows 7 USB/DVD Download Tool ကို ဖွင့်လိုက်ပါ။
အဆင်ပြေပါစေ။
ဒေါင်းပြီးရင်tool လေးကို ကွန်ပျူတာမှာ install လုပ်ထားလိုက်ပါ။ ပြီးရင်တော့ Windows 7 USB/DVD Download Tool ကို ဖွင့်လိုက်ပါ။
![[Image: Browse to Windows 7 ISO]](http://malwaretips.com/blogs/wp-content/uploads/2013/01/Windows-7-USB-DVD-Download-Tool-browse.jpg)
Browser ဆိုတဲ့နေရာလေးကိုကလစ်ပြီး
window 7 iso ဖိုင်လေးကိုရှာလိုက်ပါ။တွေ့ရင် iso ဖိုင်လေးကို ရွေးလိုက်ပါ။ရွေးပြီးရင်တော့ Next ကိုဆက်ပြီးနှိပ်ပါ။
![[Image: Select your media type]](http://malwaretips.com/blogs/wp-content/uploads/2013/01/Windows-7-USB-DVD-Download-Tool-device.jpg)
ဒီနေရာမှာတော့
bootable လုပ်မှာက stick ဆိုတော့ usb ကိုရွေးပေးပါ။
![[Image: Insert your USB stick or DVD and click on Begin copying]](http://malwaretips.com/blogs/wp-content/uploads/2013/01/Windows-7-USB-DVD-Download-Tool-begin-copying.jpg)
Begin copying ကို နှိပ်လိုက်ပါ။
USB ကို WIN7 ISO ဖိုင်ကို ကူးထည့်နေတာ တွေ့ရပါမယ်။
ကူးထည့်တာ ပြီးရင်တော့ creating a
bootable Windows 7 USB ကိုရပါပြီ။
![[Image: Windows 7 USB Download tool creating a bootable Windows 7 ISO]](http://malwaretips.com/blogs/wp-content/uploads/2013/01/windows-7-usb-dvd-download-tool-competing.jpg)
Wednesday, July 24, 2013
Windows 7 မှ Wifi ပြန်လွှင့်နည်း
Windows 7 ဆိုပေမယ့် Windows XP မှာ စမ်းကြည့်ထားတာလည်း အဆင်ပြေလို့တင်ပေးလိုက်ပါတယ် Wifi adaptor လေးတော့လိုတာပေါ့နော်ကျွန်တော်ကတော့ adaptor ကိုတော့ TPlink
လေးနဲ့ စမ်းကြည့်ထားတာပါ လုပ်ရတာလည်းလွယ်ကူလို့ စမ်းသုံးကြည့်ချင်တဲ့သူတွေအတွက်ပေါ့နော်
Credit to = PyaePyo(MMiD)
ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
လေးနဲ့ စမ်းကြည့်ထားတာပါ လုပ်ရတာလည်းလွယ်ကူလို့ စမ်းသုံးကြည့်ချင်တဲ့သူတွေအတွက်ပေါ့နော်
Credit to = PyaePyo(MMiD)
ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
Wifi
ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့
လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့
တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။
ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။
ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ။
ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။
Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။
တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊
Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select
ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။
Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင်
နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။ ပြီးရင်တော့
Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက်
ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet
connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windwos
ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart
ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection
Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။
Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။
Command Prompt (CMD) ကျလာပြီိဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။
netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent
MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။
Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။
အောက်မှာ ကြည့်လိုက်ပါ။
ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။
သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel
Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ
တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok
Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။
ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။
သင့်မှာတော့ ဘယ်လိုပေါ်မလဲဆိုတာ မသိပေမယ့် အောက်ဆုံးက စာကြောင်းကို ကြည့်ရင်
သိနိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport
Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့
ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက်
အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork
Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh
wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။
ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
netsh wlan stop hostednetwork
ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless
adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့
LawKaNat.Hotel
ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet
Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက်
ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း
ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet
Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties
ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။
အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect
through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ
ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း
ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network
Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့
ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access
Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ
ဖြစ်ပါတယ်။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။အားလုံးအဆင်ပြေကြပါစေခင်မျာ။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။အားလုံးအဆင်ပြေကြပါစေခင်မျာ။
နှေးကွေးနေတဲ့ သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက်
သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတ
အောက်မှာဖော်ပြထားတဲ့အချက်ေ
၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင်လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက်ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ
၂။ ကွန်ပြူတာတွင်းရှိဖိုင်များ
သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာအသုံးပြုမှု
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ
၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ
တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ
အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါ
၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ
သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတ
Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။
တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်
၅။ Search Indexing ကိုပိတ်ထားပါ
Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင
စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ
၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ
Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ေ
စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပ
၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ
သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစာ
..........................
Credit to Original Uploader
Saturday, July 13, 2013
China andriod phone & tablet တွေ အတွက် အသုံးဝင်ဆုံး shuame root(update!!!)
ညီမလေး တစ်ယောက်နဲ့ အကိုတစ်ယောက်က ဖုန်းဆက်ပြီးတင်ပေးဆိုလို့ပါ root လို့လည်းရတယ် pattern lock,pin lock တွေကိုလည်း ဖြုတ်လို့ရပါတယ်
Download Here!!!
Monday, July 8, 2013
မြန်မာဖောင့် ပြဿနာတက်သူများအတွက် Zawgyi Blog Day ပါ
မြန်မာဖောင့် ပြဿနာတက်သူတိုင်း ဒီဖောင့်လေးကို သုံးကြည့်စေချင်ပါတယ်
လူအတော်များများ ဖြစ်တာတွေ့ တယ် ရေးလို့ ရပြီး Enter နှိပ်လိုက်တဲ့အခါမှာ
လေးထောင့်ကွက်တွေ ဖြစ်ဖြစ်နေတာ..။ တချို့ ကတော့ ပြောင်းပြန်ဖြစ်တယ်
ရေးရင် လေးထောင့်ကွက် ၊ နှိပ်လိုက်မှစာပေါ်တယ်ဆိုတော့ ဒီဖောင့်လေးကို
သုံးကြည့်စေချင်တယ်။ ကဲ....အဆင်မပြေတဲ့သူတွေ ဆွဲသုံးကြည့်စေဖို့ ........။
မောင်(စွယ်စုံကျမ်:)
Sunday, July 7, 2013
အသံလှိုင်းလေးနဲ့ ခြင်တွေကို မလာအောင်လုပ်မယ်
ဒီဟာလေးကတော့ ကွန်ပျူတာနဲ့ စပီကာလေး ရှိနေရင် အဆင်ပြေပါတယ် မြန်နှုန်းမြင့် အသံလှိုင်းနဲ့ ခြင်တွေကို မောင်းထုတ်ပေးမှာပါ အသံအနိမ့်အမြင့်ကိုလည်း ချိန်လို့ရပါတယ်
Download link
Download link
Tuesday, June 25, 2013
Virus 15000 လောက်ကိုသတ်ပေးနိုင်တဲ့ Multiple Virus Cleaner 2003 v13.1.0 Portable
ကွန်ပြူတာမှာ
ပြသာနာအရှာဆုံးဖြစ်တဲ့ Trojan , Malware , Spysare , Worm , Autorun ,
အခြားသော Antivirus ပေါင်း 15000 ကျော်ကို ကောင်းကောင်းကြီး
ရှင်းလင်းပေးနိုင်ပါတယ်
Download link - ဒီမှာယူပါ
Download link - ဒီမှာယူပါ