Hard disk ဆိုတာHard
disk ဆိုတာ ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်လိုအပ်ပြီး
ကွန်ပျူတာအားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating
system အလုပ်လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်ပါတယ်..
သူအလုပ်လုပ် တဲ့ပုံစံက ဒီ hard disk အထဲမှာ platter တွေရှိတယ် ဒီ Platter
တွေဟာ spindle motor လည်တဲ့အား ကြောင့် air cushion ဖြစ်ပေါ်လာတယ်
အဲဒီအချိန်မှာပဲ read/write head တွေက platter ပေါ်မှာရေးမှတ် ထားတဲ့ဒေတာ
တွေကို ရေးခြင်းဖတ်ခြင်းမှတ်ခြင်းစတာတွေကိုလုပ်ဆောင်တယ်..
တစ်ခုချင်းစ်ီလုပ်ဆောင်ပုံကို အောက်မှာ ရှင်း ပြပါမယ်..
အတွင်းပိုင်းလုပ်ဆောင်ပုံ
hard
disk တစ်လုံးမှာ magnetic disk လို့ ခေါ်တဲ့ platter လေးတွေဟာ လေးချပ်
ဒါမှမဟုတ် ငါးချပ်ပါရှိ တတ်ကြပါတယ်..platter ပြားအရေတွက်များရင် data
တော်တော်များများ ၀င်ဆံ့ ပေမဲ့ reliability အတွက်ကျတော့ အားနည်းသွားပါတယ်
အဲဒီ platter ပြားမှာ program တွေ data တွေသိမ်းဆည်းဖို့  ဖြစ်ပါတယ်..
Geometry
Hard
disk တစ်လုံးမှာ ဖိုင်တွေသိမ်းလို့ ရအောင်ဘယ်လိုစီမံထားသလဲဆိုတဲ့ geometry
အကြောင့် လေ့လာကြည့်ရ အောင် desktop မှာအသုံးပြုတဲ့ ဘယ် hard disk မဆို
physically အရတော့ platter ပြားတွေဟာအားလုံးsize တူ၇ွယ်တူပါပဲ....platter
ပြားတစ်ပြားကိုကြည့်လိုက်ရင် သူ့ ကို thin film media လို့ ခေါ်တဲ့ ပါးလွာတဲ
့glass နဲ့ ပြုလုပ်ထားပြီးတော့မှအပေါ်ကနေ meganitic ရည်သုတ်လိမ်းထား
တယ်..ဒီလိုတည်ဆောက်ပြီးတာနဲ့  ဖိုင်တွေသိမ်းလို့ ပြုလို
့မရသေးဘူး..အဲလိုမရသေးပဲနဲ့  low level format လို့ ခေါ်တဲ့  cylinder,
track, sector တွေသတ်မှတ်ပေးရပါသေးတယ်..platter မှာ track ဆိုတာ ဘာကိုပြော
တာလဲ track ဆိုတာ platterရဲ့  ဗဟိုကနေ စက်ဝိုင်းပုံလမ်းကြောင်း
အတိုင်းရှိနေတာတွေကို track လို့  ခေါ်တယ်..cylinder ဆိုတာ အဲဒီ track တွေ၇ဲ
့အပေါ်အောက် တစ်စုံကို cylinder လို့ ခေါ်တယ်..sector
ဆိုတာကတော့အငယ်ဆုံးယူနစ်ဖြစ်ပြီးတော့မှ magnetic storage area
ဖြစ်ပါတယ်..သူ့ sector တစ်ခု တစ်မှာ သိမ်းဆည်းနိုင်တဲ့အရေအတွက်က 512MB
ဖြစ်ပါတယ်…ဒေတာ သိမ်းပုံသိမ်းနည်းကိုပြောပြချင်ပါတယ် သတိထားမိလားတော့မသိဘူး
hard disk နဲ့  cd disc တို့ သိမ်းပုံချင်းမတူဘူး hard disk က magnetic
နည်းပညာကိုသုံးပြီးသိမ်းတာဖြစ်လို့  disk လို့ ခေါ်တာဖြစ်ပြီး cd disc
တွေကျတော့ laser ကိုအသုံးပြုပြီး ultra violet light နဲ့ သိမ်းတာဖြစ်
တဲ့အတွင် disc လို့ သတ်မှတ်ခဲ့ကြတယ်..အခုလည်း ဒီ hard disk မှာ Magnetic
နည်းအရသိမ်းတာပါပဲ magnetic နည်းအရသိမ်းတာဖြစ်တဲ့အတွက် ကျွန်တော်တို့ တွေက
information တွေကို digital အဖြစ်သိမ်းတယ်လို့  ပြောကြပေမဲ့  ဒီplatter
ပေါ်မှာတော့ Analog signal အဖြစ်နဲ့သိမ်းဆည်းပေးထားတာဖြစ်ပါတယ်.. တနည်း
အားဖြင့် digital signal တွေကို Analog signal အဖြစ်ပြောင်းသိမ်းထားပါတယ်
..တခါ hard disk ထဲမှာရှိတဲ့  ဒေတာတွေကိုဖတ်ချင်တဲ့အခါ
ယူသုံးလိုတဲ့အခါမှာလဲသူက Analog signal တွေကို Digital signal
အဖြစ်ပြန်ပြောင်းပေးရတယ်..အဲလို digital signal ပြန်ပြောင်းပေးမှရလာတဲ့
Information တွေကို cpu ဖတ်နိုင်မှာဖြစ်ပါတယ်..
အထဲနည်းနည်းတိုးဝင်ကြည့်ရအောင် analog signal တွေနဲ့ သိမ်းတာဆိုတော့
ဘယ်လိုများသိမ်းလဲပေါ့.. ကျွန်တော်တို့ platter ပြားပေါ်မှာ magnetic
ရည်တွေရှိတယ်လို့ ပြောခဲ့ တယ်နော်..အဲဒီ platter
တွေပေါ်မှာသံလိုက်တုံးသေးသေးလေးတွေနေရာအနှံအများရှိတယ်လို့ မှတ်ယူလိုက်
သံလိုက်တုံးလို့ ပြောလိုက်တာနဲ့ သံလိုက်တုံးမှာ မြောက်နဲ့ တောင် ရှိတယ်
north and south (N and S) ဆိုပြီးတော့ရှိတယ်
အဲလိုသေးသေးလေးတွေအများကြီး၇ှိလိမ့် မယ် ဖင်ချင်းခေါင်းချင်း randomly
အ၇ရှိနေလိမ့်မယ်ဒါက data ပေါ်ကြည့်ပြီး သူ့ ဘာသာသူဆောက်သွားတာ ဥပမာ ss ကို 1
ယူမယ်ဆိုပါစို့ SN ဆိုရင် 0 ယူမယ်ပေါ့..အဲဒါကို magnetic bit လို
့ခေါ်တယ်..ဒီ Platterပြားပေါ်မှာ မြောက်မြားစွာသော သံလိုက်တုံးသေသေး လေးတွေက
သနုးနဲ့ ချီပြီးတော့ရှိတယ်.. အဲလိုမတူညီတဲ့ SS SN NS NN တွေကို
read/write head တွေကဖတ်ပေးရပါတယ်.. ဖတ်လိုက်တဲ့ data ကိုမှစောနကပြောသလို
့digital signal ပြန်ပြောင်းပေးရတာဖြစ်တယ် ဒီလိုနည်းနဲ့ data တွေကို
သိမ်းတယ် ဖတ်တယ် မှတ်တယ်ပေါ့..hard disk တွေဟာနှစ်ပေါင်းများစွာကတည်းက
ပေါ်ထွန်း လာခဲ့ တာ ဒီနေ့ အချိန်ထိ သူ့ ရဲ့ ဖွဲ့ 
စည်းပုံဟာအရမ်းတိုးတက်ပြောင်းလဲသွားတာတော့မဟုတ်ပါဘူး အခြေခံဖွဲ့ 
စည်းပုံတွေဟာတူတူပါပဲ။
Actuator
Actuator
ဆိုတာ voice coil motor ဖြစ်တဲ့ coilထဲ လျပ်စစ်စီးဝင်ပြီး polarity
changing လုပ်ပေးမှုကြောင့် actuator arm
ကိုထိန်းချုပ်ပေးရတဲ့အရာတစ်ခုဖြစ်ပါတယ်..အရင်တုန်းက servo motor တွေဆို
တစ်ထစ်ချင်းရွေ့ လျားတာဖြစ်တဲ့အတွက်ဖတ်တဲ့အခါမှာ နှေးကွေးပါတယ်..ပြီးတော့
အဲလိုရေး ဖတ်နေ တုန်းမှာ ပါဝါမရတော့ ရင် သူကအဲမှာတင်ရပ်သွားတယ် ပါဝါလာလို
့အလုပ်လုပ်ရင် ဓါးနဲ့ ခြစ်သလို လုပ်ပစ်လိုက်တာဖြစ်တဲ့ အတွက် hard disk
ကိုပျက်စီးစေပါတယ်..ဒါကြောင့် အဲလို Positional error system မဖြစ်စေဖို
့အတွက် voice coile motor လို့ ခေါ်တဲ့  liner motor နဲ
့အစားထိုးပြုလုပ်ခဲ့တာယနေ့  တိုင်ပါပဲ..liner motor ကတော့ pogwer off
သော်ငြားလည်း automatically parking စနစ်ပါရှိပါတယ်..
Actuator Arm
Actuator
Arm ဆိုတာ platter တွေပေါ်မှာအလျားလိုက်ရွေ့ လျားပြီးတော့
ဒေတာတွေကိုရေးဖတ်ပြုလုပ်ဖို့  ဆောင်ရွက်ပေး တယ် အဲလိုရေးဖတ်တဲ့အခါမှာလဲ
အတိအကျဖြစ်အောင် Actuator arm ကို actuator ကပြုလုပ်ပေးပါ တယ်..Actuator
Axis ဆိုတာ Actuar arm ရဲ့ အစွန်တစ်ခုမှာရှိပြီးတော့ အလယ်မှာရှိတယ်..အဲဒီ
Axis လည်တဲ့အတွက်ကြောင့် Actuator arm လိုက်လည်ပေးတာဖြစ်တယ်
Cover mounting holes
cover mounting holes ဆိုတာ hard disk ကိုဖုံးအုပ်ဖို့ အတွက် screws များတပ်ဆင်ဖို့  အတွက် နေရာတွေ ဖြစ်ပါတယ်
Head
head
ဆိုတာ တကယ်တော့ read /write head ကိုပြောတာဖြစ်တယ် ဒီ head ကdata
ကိုရေးနိုင်ဖတ်နိုင်တယ်..platter ပြားတစ်ခု တစ်ခုမှာ အပေါ်အောက် head
နှစ်ခုပါတယ် platter နှစ်ခုဆိုရင် read/write head လေးခုပါမယ်ပေါ့…
Interface connector
Interface
connector ဆိုတာ data cable အကြောင်းတွေဖြစ်ပါတယ်..interface မှာ IDE
interface နှင့် SATA interface နှစ်မျိုးရှိပါတယ် IDE interface က
40pin/80wire ဖြစ်ပြီး SATA ကတော့ 7 pin ပဲပါရှိပါတယ် SATA က point to
point system ဖြစ်ပါတယ်..အောက်ကပုံမှာ အနီရောင်က SATA interface ဖြစ်ပြီး
နောက် interface တစ်ခုမှာ IDE interface ဖြစ်ပါတယ်..
Jumpersjumpers
ဆိုတာ IDE drive တွေမှာသာပါဝင်ပြီး တော့ SATA မှာတော့မပါပါဘူး ဒါကြောင့်IDE
တွေမှာဆိုရင်…connectorတပ်ဆင်တဲ့အခါ master slave
ဆိုတာခွဲထားပေးရပါတယ်..IDE တစ်ကြိုးထဲမှာ HD ကော CD ROM ကောထားမယ်ဆိုရင်
hard disk ကို master ထားပေးရပြီး CD ROM ကို slave မှာထားပေးရတယ်.. SATA
ဆိုရင်တော့ ဒီအတိုင်းတန်းစိုက် လိုက်ရုံပါပဲ.. IDE cable တွေဟာ pin 40
ပါရှိပါတယ် အခုနောက်ပိုင်းမှာတော့ pin က40 pin 80 wire ဖြစ်သွားပြီး
crosstalk ဖြစ်ချင်းမှကာကွယ်ပြီးသားဖြစ်ပြီးပိုပြီးတော့လဲမြန်သွားပါတယ်..
ATA လို့ ခေါ်တဲ့  cable version မှာအရင်တုန်းက 66/100/133MHz
ဆိုပြီးအသုံးပြုခဲ့ပေမဲ့ အခုချိန်မှာတော့ ultra DMA လို့ ခေါ်တဲ့  bus
mastering နည်းပညာကိုအသုံးပြုထားတဲ့အတွက်ပိုမြန်ပါတယ်..IDE power cabel
ကြိုးတွေဟာဆိုရင် ကွန်ပျူတာဖွင့်နေစဉ်ဖြုတ်တပ်လုပ်လို့ မရဘူး sata
မှာကျတော့ရ တယ် အဲဒါကို hot swap လို့ ခေါ်တယ် power shutdown
လုပ်စရာမလိုပဲနဲ့ ဖြုတ်တပ်လုပ်လို့ ရတာကို hot swap ရတယ်လို့ ခေါ်တယ်..IDE
cable တွေမှာဆိုရင်ကြိုးအရှည်ဟာ 18 လက်မထက်ပိုမရှည် သင့်ဘူး
အဲထက်ကျော်သွားရင် data transfer လုပ်ရာမှာအနှောင့်အယှက်ဖြစ်စေတယ် SATA
မှာကျတော့ အရှည် 1မီတာအသုံးပြုနိုင်တဲ့အတွက်ကြောင့် IDE cable
ထက်နှစ်ဆပိုရှည်ပါတယ်..
Platter
platter
ဆိုတာ glass တွေနဲ့ ပြုလုပ်ထားပြီးတော့မှ magnetic ရည်သုတ်လိမ်းထားပါတယ်
ဒီ platter တွေက လေးချပ် သို့ ငါးချပ် အများဆုံးပြုလုပ်လေ့ရှိတယ် platter
အရေတွက်နည်းလေ reliability ပိုကောင်းလေဖြစ်တယ်..ဒီ platter ပေါ်မှာပဲ datas
တွေကို ရေးချင်းဖတ်ခြင်းသိမ်းဆည်းခြင်း စတာတွေပြုလုပ်တယ်..
Power connector
hard
disk အတွက် power ကို 12v 5v ဖြင့်အသုံးပြုကြတယ် notebook
computerတွေအတွက်ဆိုရင် 5v ကိုအသုံးပြုထား တယ်…hard disk အတွက်ပေးတဲ့ power
connector ခေါင်းလေးတွေကို molex connector လို့ ခေါ် ပါတယ်..
Ribbon cable
နောက်
Ribbon cable ဆိုတာ logic board နဲ့ ဆက်သွယ်ပေးပါတယ် hard disk ကဖတ်လိုက်
တာမှန်သမျှ analog signal ကို logic ဘုတ်ပေါ်သယ်ဆောင်သွားပြီး digital
signal အဖြစ်ပြောင်း ပေးခြင်း တွေကိုလုပ်ဆောင်ပေးတယ်..
Spindle motor
spindle
motor ဆိုတာကတော့ platter တွေလည်ပတ်စေဖို့  အတွက် အလည်ကနေ spin
လုပ်ပေးရပါတယ်..အဲဒီ spindle motor က အပတ်ရေ3500 ကနေ 15000 RPM ရှိပါတယ်
RPMဆိုတာ revolution per minute လို့ ခေါ်ပါတယ် တစ်မိနစ်မှာspindel motor
လည်ပတ်တဲ့အပတ်ရေအတွက် ဖြစ်ပါတယ် …အခု ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
အသုံးအများဆုံးက 5400RPM နဲ့ 7200RPM ဖြစ်ပါတယ်.. …ကျွန်တ်ေတို့ hard disk
တစ်လုံးဝယ်တဲ့အခါဒီ RPM ကိုထည့်တွက်ရပါတယ် RPM ပိုများလေ ပိုမြန်လေဖြစ်တယ်
သို့ ပေမဲ့တစ်ချက်သတိထားရမည်က RPM များရင် ဒေတာကို
မြန်မြန်ဆန်ဆန်ဖတ်နိုင်တာမှန်ပေမဲ့  သူ့ ကို ပေးရတဲ့power များလို့  heat
တွေလည်းပိုထွက်လာပါတယ်
SCSI drive
SCSI
drive ဆိုတာ သာမှန်အသုံးပြုနေတဲ့  ကွန်ပျူတာတွေမှာသုံးလေ့သုံးထမရှိပဲ work
station နဲ့ server တွေမှာအသုံးပြုလေ့ ရှိတယ်..SCSI ဆိုတာ small computer
system interface ဖြစ်တယ်..SCSI မှာ နှစ်မျိုးရှိပါတယ် internal SCSI နှင့်
external SCSI ဆိုပြီးရှိပါတယ် ဒီနေရာမှာ SCSI ရဲ့ အမျိုးအစားနဲ့  data
transfer rate တွေ့ ကိုလေ့လာကြည့်ရအောင် SCSI1 ဟာ 25 pin
ကိုအသုံးပြုပြီးတော့ transfer rate 8 bit ကိုပဲသယ်ဆောင်နိုင်တယ်..SCSI 2 က
SCSI 1 နဲ့ အတူတူပဲ ဒါပေမဲ့ pin အရေအတွက် 25 pin အစား pin 50
အစားထိုးပြုလုပ်ထားတယ်..
SCSI 1 မှာဘာမှပြောစရာမရှိပေမဲ့  SCSI 2 ကျတော့ SCSI VERSION နဲ
့ပတ်သက်ပြီးပြောစရာရှိလာ တယ်.. SCSI 2ပြီးတဲ့ အခါကျတော့ Wide SCSI က 68 pin
ရှိပြီး 16bit ကို transfer လုပ်နိုင်ပါတယ်..fast SCSI က 8 bit bus
ကိုအသုံးပြုပြိးတော့ double clock rate ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်
10MBps ထိ Transfer လုပ်နိုင်တယ်..fast wide SCSI ဆိုရင် 16bit ဖြင့် 20
MBps ထိကို transfer လုပ်နိုင်တယ်… ultra SCSI က 8 bit bus နဲ့ 20 MBps
transfer လုပ်နိုင်ပါတယ်..SCSI 3 က 16 bit နဲ့ 40 MBps transfer
လုပ်နိုင်တယ်.. သူကျတော့ Ultra wide SCSI လို့ လဲခေါ်တယ်..အဲတော့ ဒီSCSI 3
အောက်မှာပဲ Ultra 2 SCSI နဲ့ wide ultra 2 SCSI ဆိုပြီးတော့ရှိသေးတယ် Ultra
2 SCSI ကတော့ 8bit 40 MBps နဲ့ wide ultra 2 SCSI ကတော့16bit 80 MBps
transfer လုပ်နိုင်တယ်….အခုဒီနေ့ မှာတော့ အားလုံးဟာ ultra DMA mode
ကိုအသုံးပြုကြပါတယ် SCSI peripherals တွေဟာ SCSI port တွေကိုဖြတ်ပြီးတော့မှ
daisy chain ပုံစံဆက်သွယ်ထားပါတယ် cable ဟာ host adapter
ဆီကိုသွားရတယ်..အဲကမှ device 1 device 2 စသဖြင့်သွားရပါတယ်..SCSI မှာ ID
လေးတွေသတ်မှတ်ထားတာရှိပါတယ် ID 0 ကနေ 7 ထိရှိနိုင်သလို ID0 မှ 16
အတွင်းလည်း ရှိပါတယ် device တွေအားလုံးတပ်ဆင်ပြီးသွားတဲ့အခါ နောက်ဆုံး
device မှာ terminate ဆိုတာ တပ်ပေးရ တယ် ဘာကြောင့်တပ်ပေးရလဲဆိုတော့ echo
signal တွေပြန်မလာအောင်လို့ တပ်ဆင်ပေးရခြင်း ဖြစ်ပါတယ်
Bus mastering
ကျွန်တော်တို
့နောက် bus mastering ကိုလေ့လာကြည့်ရအောင်ပြောတော့ပြောခဲ့ပြီးသားပါ bus
mastering ဆိုတာ ယနေ့ ခေတ်မှာအသုံးပြုနေတဲ့ controller bus
တွေမှာအသုံးပြုနေတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်.. hard disk
ထဲကအချက်အလက်ကိုရယူဖို့ အတွက် cpu ဆီက instruction တွေတောင်းခံရ address
bus ဘယ် လောက်က ဘာကိုပေးလိုက်နဲ့ အဲဒီinstruction ကိုတောင်းရတယ် စောင့်ရတယ်
ဒါအချိန်ကိုပိုကြာ စေပါတယ် ဒီအားနည်းချက်ကိုအစားထိုးပြုပြင်ဖို့ အတွက် bus
mastering ကိုပြုလုပ်တီထွင်ခဲ့ကြတယ်.. သူကဘာလဲဆို တော့ စောနက cpu ဆီကို
request လုပ်တာတွေ လမ်းကြောင်း တောင်းတာ တွေမလုပ်တော့ပဲနဲ့  bus mastering
controller ကနေတိုက်ရိုက်လုပ်ဆောင်သွားပါတယ်.. ဒါကြောင့် ကွန်ပျူတစ်လုံးရဲ့ 
performance ကိုတိုးလာစေပါတယ်..
Low level format
Low
level format ဆိုတာ ကျွန်တော်တို့  hard disk မှာ ပါတဲ့ platter တွေပေါ်မှာ
geometry တွေသတ်မှတ်တာ တစ်နည်းအားဖြင့် cylinder track sector
တွေကိုသတ်မှတ်ပေးတာ ဒီလိုသတ်မှတ်ပေး ပြီးရုံနဲ့ ကျွန်တော်တို
့ဒေတာတွေကိုရေးလို့ မှတ်လို့ မရသေးဘူး..platter ပြားပေါ်မှာ cylinder track
sector တွေကိုဘယ်လောက်ထားမယ် ဆိုတာသတ်မှတ်ပေးခြင်းကို low level format လို
့ခေါ်ပါတယ် အရင်တုန်းက FAT 16 ခေတ်တွေသုံးတဲ့အချိန် windows 95
တွေစပေါ်တဲ့ခေတ်တုန်းကဆိုရင် Low level format ကို
မိမိဘာသာသတ်မှတ်ပေးရတယ်..အခုဒီနေ့ မှာတော့ စက်ရုံကနေ Low level format
တွေကိုချပေးပြီး သားဖြစ်တယ်..ဒါကြောင့် hard disk
တစ်လုံးလက်ထဲေ၇ာက်လာတဲ့အချိန်မှာ high level format ချပြီးအသင့်
သုံးလိုက်ရုံပါပဲ..
High level formathigh
level format ဆိုတာ သိမ်းဆည်းမည့် file system တွေကိုသတ်မှတ်ပေးလိုက်
တာဖြစ် ပြီး master boot record ဖန်တီးခြင်း file allocation table
ဖန်တီးခြင်းတို့ ကိုလုပ်ဆောင်ပါတယ်..ဒီလို high level format
ချပြီးမှသာလျင် ဖိုင်တွေကိုသိမ်းဆည်းနိုင်တာဖြစ်တယ်..ဒါဆိုရင် low level
format high level format ဆိုတာ သိသွားလောက်ပြီ..ကျွန်တော်တို့  high level
format ချတော့ ဖိုင် system တွေကို သတ်မှတ်ပေးရတယ်တဲ့ ဒါဆိုရင် အဲဒီ file
system ဖြစ်တဲ့ FAT 16 FAT 32 NTFS ဆိုတာ ဘာကို ပြောတာ လဲကြည့်ရအေင် …..
FAT file system
FAT
ဆိုတာ file allocation table ကိုပြောတာပါ သူက စာအုပ်တစ်အုပ်မှာရှိတဲ
့မာတိကာနဲ့ တူတယ် စာအုပ်တစ် အုပ်မှာ ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ
့ဘယ်စာမျက်နှာမှာဆိုတာတန်းပြီးလှန်လို့ ရတာပေါ့ တစ်ရွက်ချင်းစီလှန် စရာမ
လိုတော့ဘူး သူလဲဒီအတိုင်းပါပဲ ဒီ file allocation table ထဲမှာ file တွေရဲ့ 
address တွေကိုကြည့်ချင်း အားဖြင့်မိမိလိုချင်တဲ့  file
ကိုတိုက်ရိုက်ရှာဖွေနိုင်တာဖြစ်တယ်…ဖိုင်တွေကိုသိမ်းဆည်းဖို့  အတွက် ဖိုင်
table လေးတွေတည်ဆောက်ရတယ် ဒါမှလည်းလွယ်လွယ်ကူကူရှာနိုင်မှာဖြစ်တယ်..FAT 16
ရဲ့ ဖွဲ့ စည်းပုံကိုပြောပြ ပါမယ် hard disk တစ်လုံးရဲ့ FAT file system မှာ
ဆိုရင် cluster လေးတွေဖွဲ့ စည်းထားတယ် ဥပမာ cluster size တစ်ခုကို 32KB
သတ်မှတ် မယ် ထားတယ်ဆိုပါစို့  ကျွန်တော်တို့ က 20KB လောက်ရှိတဲ့ 
ဖိုင်တစ်ခုကိုသိမ်းမယ် ဒါဆိုရင် cluster တစ်ခုမှာ 12 KB
စီနေရာလွတ်ကျန်နေခဲ့မယ်ပေါ့.. နောက်ထပ်ကျွန်တော်တို့ ဖိုင်သိမ်းတဲ့အခါမှာ
စောနက လွတ်နေတဲ့ 12 KB မှာဆက်မသိမ်းတော့ပဲ ကျော်သွားပြီးတော့နောက် cluster
အစတစ်ခုမှာ သွားသိမ်းပါတယ် အဲတော့ စောနကလို hard disk တစ်ခုလုံးမှာ
အဲဒီလိုသာသိမ်းလိုက်ရင် free spaceတွေအများကြီး ဆုံးရှုံးပါ
တယ်..ဒီအားနည်းချက် ကိုကြည့်ပြီးတော့ အခုနောက်ဆုံး NTFS လို့ ခေါ်တဲ့ new
technology file system ကတော့ cluster size အသေးဆုံးဖြစ်ပြီးတော့ FAT 16 နဲ
့32 နေရာကိုအစားထိုးပြီး file system အမြင့်ဆုံးအဖြစ်ကိုေ၇ာက်ရှိခဲ့ 
တာဖြစ်ပါတယ်…
NTFS file system
NTFS
က cluster size ကို ချုံ့ လိုက်ပြီး cluster တစ်ခုမှာ 4KB ပဲထားရှိပါတယ်
cluster size သေးသွားတဲ့အတွက် free space တွေတိုးလာပါတယ် cluster size
သေးလာတာနဲ့ အမျှ free space ပိုများများရလာပါတယ်.. reliability နဲ့ 
security ပိုင်း မှာပါ ပိုပြီးတော့ကောင်းမွန်လာတာကိုတွေ့ ရပါတယ် NTFS
system တွေမှာ ဆိုရင် နဂိုဝင်းဒိုးတင် ထား
တဲ့အထဲကမှအရေးကြီးတဲ့ဖိုင်တွေကိုမှားဖျက်မိလို့ recovery
ပြန်လုပ်ချင်တယ်ဆိုရင် ပြန်လုပ်လို့  ရအောင်စီစဉ် ထားတဲ
့စနစ်ကိုပါထည့်သွင်းတည်ဆောက်ထားတဲ့အတွက် အဆင်ပြေပါတယ်…
Partition အကြောင်း
Partition အကြောင်းဆွေးနွေး ကြည့်ရအောင် Hard disk တစ်လုံးမှာ
partition ခွဲတဲ့အခါမှာ primary နဲ့  extended ဆိုပြီးတော့ရှိတယ် တစ်ချို
့ကျတော့လဲ extended ကို secondary partition လို့ ခေါ်တယ်..hard disk
တစ်လုံးမှာ primary partition ချည်းပဲထားမယ်ဆိုရင် အများဆုံး
လေးပိုင်းအထိထားနိုင်ပါတယ်.. များသောအားဖြင့်တော့ C ကို primary ထားပြီး
ကျန်တဲ့ partition ကိုတော့ extended ထားကြတာ များပါတယ်..ဘာကြောင့်လဲဆိုတော့
extended partition မှာ logical drive တွေအများကြီးထပ်ခွဲနိုင်တာကိုး
logical drive ပေါင်း24 ခုထိသတ်မှတ်ပေး ထားလို့ ရပါတယ် A B မပါပေါ့  လေ..(A
B ဆိုတာက floppy drive အတွက်သတ်မှတ်ထားတဲ့ letter တွေဖြစ်ပါတယ်) windows
တင်တဲ့  အခါမှာ primary ရဲ့ active ဖြစ်တဲ့  partition မှာသူက boot
လုပ်သွားတာဖြစ်တယ်..ဘာကြောင့် primary partition ကို လေးခုပဲထားနိုင်သလဲ
လို့ မေးစရာရှိလာနိုင် တယ်..ဟုတ်တယ် hard disk တစ်ခုမှာ OS တင်ဖို့ အတွက်
boot information အတွက် boot partition table ထဲမှာ 64 KB ပဲပါရှိတယ် boot
partition table တစ်ခုမှာ 16 KB ၇ှိပါတယ် OS လေးခုစာအတွက်ဆိုရင် 16 *4 လီ
64 ဒါကြောင့် OS လေးခု ပဲ အများ ဆုံးတင်နိုင်တာဖြစ်တယ်..ဒါကြောင့် primary
partition ကို လေးပိုင်းအထိသာပိုင်းနိုင်တာဖြစ်တယ်…ok ဒါဆို ဒီလို hard
disk တစ်လုံးတပ်ဆင်ပြီး ၀င်းဒိုးတင်ပြီးတာနဲ့ သုံးလို့ ရပြီလားဆိုတာ့
ရတော့၇တာပေါ့ ဒါပေမဲ့ သူ့ ကို bios setting မှာ first boot device
မကြေငြာထား ပေးရင် အလုပ်မလုပ်ပါဘူး ဒါကြောင့် BIOS
ထဲမှာသွားရောက်ပြီးပြင်ဆင်ပေးရတယ် ဘယ်မှာလဲဆိုတော့ Advance feature ထဲက
first boot device မှာ Hard disk ကိုကြေငြာထားပေးပြီးမှအ
သုံးပြုနိုင်မှာဖြစ်ပါ တယ် ….တစ်ခါတစ်ရံ first boot မှာ floppy
ဖြစ်နေတာမျိုး disable ပေးထားမိတာမျိုးဖြစ်ရင် OS
မတက်နိုင်တာမျိုးကြုံရတတ်ပါတယ်…
ဆွေးနွေးချက်အနှစ်ချုပ်
[color="blue"]၁။
Hard disk ဆိုတာ ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်လိုအပ်ပြီး
ကွန်ပျူတာအားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating
system အလုပ်လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်တယ်..
၂။
hard disk တစ်လုံးမှာ magnetic disk လို့ ခေါ်တဲ့ platter လေးတွေဟာ လေးချပ်
ဒါမှမဟုတ် ငါးချပ်ပါရှိ တတ်ကြပါတယ်..platter ပြားအရေတွက်များရင် data
တော်တော်များများ ၀င်ဆံ့ ပေမဲ့ reliability အတွက်ကျတော့ အားနည်းသွားပါတယ်
၃။
hard disk က magnetic နည်းပညာ ကိုသုံးပြီးသိမ်းတာ ဖြစ်လို့  disk လို
့ခေါ်တာဖြစ်ပြီး cd disc တွေကျတော့ laser ကိုအသုံးပြုပြီး ultra violet
light နဲ့ သိမ်းတာဖြစ် တဲ့အတွင် disc လို့ သတ်မှတ် ခဲ့ကြတယ်.
၎။ Low
level format ဆိုတာ ကျွန်တော်တို့  hard disk မှာ ပါတဲ့ platter တွေပေါ်မှာ
geometry တွေသတ်မှတ်တာ တစ်နည်းအားဖြင့် cylinder track sector
တွေကိုသတ်မှတ်ပေးတာ
၅။ high level format ဆိုတာ သိမ်းဆည်းမည့် file
system တွေကိုသတ်မှတ်ပေးလိုက် တာဖြစ် ပြီး master boot record ဖန်တီးခြင်း
file allocation table ဖန်တီးခြင်းတို့ ကိုလုပ်ဆောင်ပါတယ်..
၆။hard disk တစ်လုံးမှာ primary partition ချည်းပဲထားမယ်ဆိုရင် အများဆုံး လေးပိုင်းအထိပဲ ထားနိုင်ပါတယ်..
credit to မြန်မာမိသားစုဖိုရမ်