.

Thursday, August 1, 2013

1331 နံပါတ်သို့ SMS ပေးပို့၍ Internet လိုင်းဖွင့်နိုင်ပါပြီ။


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်း သုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှ စတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည် ဟုဆိုထားရာ ၈ လပိုင်း မတိုင်မီ ယခုအချိန်မှ စတင်၍ Internet လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ ''Orderdata service'' စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ ငွေလက်ကျန်ထဲမှ ၁၀၀၀၀ိ-/ (ကျပ်တစ်သောင်းတိတိ) ကို နှုတ်ယူမည်ဖြစ်ပါသည်။ အင်တာနက်လျှောက်ထားပြီးလျှင် 1234123 မှ Dear customer, you have ordered product service successfully! Please restart you handset. ဟု message ပြန်ပို့လာပြီး ဖုန်းကို restart ချ၍ internet Setting ချိန်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ 

မနက်ကမှ သူငယ်ချင်းတစ်ယောက်ဖုန်းကိုထည့်တာ 3 sec တောင်မကြာပါဘူး တန်းပြီးကိုပွင့်တာ massage ကတန်းကိုဝင်လာတာ တစ်သောင်းလည်းကုန်သွားတာပေါ့နော် ဟဲဟဲ 

Internet Setting
Menu > Setting > Wireless & Networks > Mobile Network > Access Point Names 
Menuခလုတ် (မျဉ်းသုံးကြောင်းကိုရွေး)ပြီး  New APN ကို ရွေးပါ။
Name နေရာမှာ mptnet 
APN : mptnet 
Proxy :
Port : 
 Authentication type : PAP or CHAP 
 Menu(မျဉ်းသုံးကြောင်း) ခလုတ်နှိပ်ပြီးကို Save ဖြင့်ထွက်လိုက်ပါ။ Data Switch (အထက်အောက် မြှား) ကို On ပေးခြင်းဖြင့် Internet အသုံးပြုလို့ ရပါပြီ။



http://cdn.makeagif.com/media/8-11-2013/OVivFM.gifPosted By ကလောသား

ကျေးဇူးတင်ပါတယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...