.

Wednesday, July 31, 2013

Apple Devices တွေမှာ iTool သုံးပြီး ဂိမ်းတွေ သီချင်းတွေ ထည့်ကြည့်မယ်

ဒီပို့မှာက iTool ကိုအသုံးပြုပြီး လုပ်မှာဆိုတော့  မိမိစက်မှာ iTool မရှိသေးရင် ဒီမှာ အရင်ဒေါင်းလိုက်နော်
iTool ကို run ဖို့အတွက် မိမိကွန်ပျူတာမှာ itunes လည်းရှိရပါမယ် မရှိသေးတဲ့လူတွေက Apple iTunes 11.0.4 for Windows XP, 7 and 8 မှာဒေါင်း ပါ
မိမိကွန်ပျူတာမှာ itunes လည်း install လုပ်ပြီးပြီ iTool ကိုလည်း ဒေါင်းထားပြီးပြီဆို စလိုက်ရအောင်
iTool ကိုဒေါင်းထားတဲ့ rar ဖိုင်လေးကို ဖြည်လိုက်ပါ ထွက်လာတဲ့ ဖိုလ်ဒါထဲက iTool လေးကို run ထားလိုက်ပါ ဒီလိုပုံလေးပေါ့
ဒါက device ကို မချိတ်ရသေးလို့ပါ  မိမိdevice နဲံ့ကွန်ပျူတာကို ချိတ်လိုက်ပါ အဲဒါဆို အောက်ကပုံလေး လိုမြင်ရမှာပါ
ဒီလိုလေးပေါ်လာပြီ ဆိုရင်တော့ မိမိ device ထဲကို app တွေသွင်းသွင်း သီချင်းပဲသွင်းချင်ချင် စလို့ရပါပြီ
iTool ထဲမှာ  app လေးတွေ မရှိသေးရင် itool ရဲ့ ဘယ်ဘက်အပေါ်ဒေါင့်နားက Apps ဆိုတဲ့နေရာမှာ တစ်ချက်နှိပ်ပါ  Apps on this PC  ဆိုတဲ့အောက်နားမှာ Add ဆိုတာလေးကို နှိပ်ပါ ပေါ်လာတဲ့ box လေး ထဲက file ကိုနှိပ်ပြီး ထည့်မယ့် app လေးတွေကို ရွေးချယ်ပေးပါ

ရွေးပြီးရင် Import ဆိုတဲ့ နေရာလေးကို နှိပ်ပါ iTool ထဲမှာ app လေးတွေရောက်ရှိသွားတာ မြင်ရမှာ ဖြစ်ပါ တယ်

ရောက်သွားပြီ ဆိုရင်တော့ မိမိထည့်ချင်တဲ့ app လေးကို install ဆိုတဲ့ button ပေါ်မှာ နှိပ်ပြီး သွင်းလိုက်ပါ
သီချင်းတွေ ebook တွေ သွင်းချင်ရင်တော့ အလွယ်ပဲပြောပြလိုက်တော့မယ် import ကနေသွင်းလည်းရတယ် ဒီလိုသွင်းလည်းရတယ် ebook  တွေသွင်းချင်ရင်တော့ iTool ရဲ့ ဘယ်ဘက်မှာရှိတဲ့ iBooks ပေါ်မှာ တစ်ချက်နှိပ်လိုက်ပါ iBooks ထဲ ရောက်သွားပြီဆိုရင် မိမိသွင်းချင်တဲ့ ebook ကို ဆွဲထည့်လိုက်ပါ သူဘာသာ copy လုပ်သွားပါလိမ့်မယ်
သီချင်းတွေ ဓါတ်ပုံတွေလည်း အတူတူပါပဲ
app တွေ backup လုပ်ချင်ရင်တော့ iTool ထဲက မိမိ device အောက်က Apps ဆိုတဲ့နေရာမှာ နှိပ်ပြီး buckup ဆိုတာကို နှိပ်ပါ
ပေါ်လာတဲ့ box လေးမှာ borwse for folder ဆိုတဲ့အောက်နားက Folder နားမှာ မိမိသိမ်းချင်တဲ့နေရာကိုရွေးပါ။

ရွေးပြီး ok ကိုနှိပ်ပါ ပေါ်လာတဲ့  Note ဆိုတဲ့ box လေးထဲက yes ကိုနှိပ်ပါ  app ကို backup လုပ်နေတာကို မြင်တွေ့ရမှာပါ

 အဆင်ပြေကြပါစေခင်ဗျား



http://cdn.makeagif.com/media/8-11-2013/OVivFM.gifPosted By ကလောသား

ကျေးဇူးတင်ပါတယ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...